Wednesday, February 12, 2014

Astro Badin Essays ဗေဒင်အက်ဆေးများ ဇွဲတင်ဝင်း @ Soe Naing Win

to Download
http://www.multiupload.nl/TVYH9LXPTAွှTo Download

စာရေးသူ၏ အမှာစာလေးပါ

 ဇွဲတင်ဝင်း (Author and Astrologer at Yangon, Burma)

            ဝေဒမဂ်္ဂဇင်းတွင် ကလောင်အမည် ဇွဲတင်ဝင်းဖြစ်ခဲ့ပြီး လပြည့်
ဝန်းနှင့် ဂန်္ဓာရီမဂ်္ဂဇင်းများ၌ ဇွဲတင်ဝင်း(K.P) ဖြစ်လာခဲ့သည်။ ခရစ်နှစ်
၂၀၀၁ခု မေလတွင် ကျွန်ုပ်၏ (K.P) နက်္ခတ်ဗေဒင်ပညာ၊ အဆင့်
မြင့်စာတမ်းများ Astrosecrets စာအုပ်အဖြစ် စာအုပ်စင်ပေါ်ရောက်

ရှိလာသောအခါ ကလောင်သည် ဇွဲတင်ဝင်း (K.P) လုံးလုံးလျားလျား
ဖြစ်သွားတော့သည်။ ထိုပထမထုတ် စာအုပ်တွင် (K.P)နက်္ခတ်စီးနည်းကို
မိမိအာဘော်တချို့ နှင့် ပြန်ဆိုခြင်း ပေါင်းစပ်တင်ပြထားခဲ့သည်။
ဗေဒင်ကို ယုံလို့ရေးရေး၊ မယုံလို့ရေးရေး၊ စာရေးခြင်း အတတ်
ပညာသည် ကျွန်ုပ်၏မူလဘူတ ၀ါသနာပင်ဖြစ်သည်။ မူရင်းအာဘော်ကို
မိမိအာဘော် လုပ်သည့်နည်းတူ မိတ်ဆွေတို့၏ အာဘော်သို့မဟုတ်
ထင်မြင်ချက်တွေကိုလည်း ကျွန်ုပ်ကြိုဆိုလျှက် ရှိနေပါသည်။ ဗေဒင်အယူ
အဆဟူသည် ကိုင်တွယ်၍မရသော abstract အရာများနှင့် ဇာတာ၊ ကိန်း၊
အရုပ်၊ ကားချပ်၊ အစရှိသော badin ware များတည်ဆောက် ပြီး
မိမိ၏ရှုဒေါင့်မှ အာဘော်တင်ပြခြင်းသာဖြစ်သည်။ တူရှုနှင့် ရှုဒေါင့်
တူသော်လည်း အာဘော်ကွဲလွဲနိုင်သေးသည်။ များစွာပြောရခက်သော
ခံစားမှုဘာသာရပ်ဖြစ်၍ ယုံကြည်မှုများစွာ လိုအပ်ပါသည်။ ယုံကြည်ချင်
သူတစ်ယောက်အနေဖြင့် ဘ၀ပုစ်္ဆာများကို အရိုးဆုံးတွက်နည်းဖြင့် အဖြေ
ရေးထိုးလိုပါသည်။
                           Download

                              Good Luck & Regards

                                     ဇွဲတင်ဝင်း (K.P)@စိုးနိုင်ဝင်း(Facebook)
                                                        ၀၉-၅၁၉-၂၄၈၃

Friday, August 10, 2012

Thingyan Min is coming to the town



      Myanmar astrologers mark new year in Tagu Month of myanmar calendar.this tagu month gets along with zodical sign Aries.So Myanmar new year day starts in sun ingress day to Sign Aries.Royal myanmar astrologers issued annual new year reports or mundane predictions on wide papers namely Thingyan Sar.
                  the pot marking the come of thingyan min                                                                                         

     

            In those Thingyan Sar, astrologers predict Agricultural,Weather Forecasting,official holidays along with buddhish lent and full moon and new moon days.Myanmar Farmers believe on those thingyan sars .some Dos & Don’ts are written on this annual forecast.
The myanmar annual report mentioned 12 myanmar months with full moon days and new moon days.It also contained eclipses during the year.Most myanmar people buy thingyan sar to read when they need to do some social and economical things. so the thingyan sar become myanmar traditional year planner,We can also call thingyan sar ,myanmar farmers  almanac.Myanmar farmers use thingyan sar to know date to plant and harvest during the year.
         Some Red Letter Days are also mentioned in this myanmar almanac ,These are Myanmar Buddhist Days to celebrate especially Fullmoon Days of each months.Myanmar Calendar was of solunar months.There was  a leap year around 3 or 4 years in myanmar calendars.












   this post was underfinish

Wednesday, January 11, 2012

free online astrology


Hi Astro Fans, ဗေဒင်မေးချင်ရင်ဆွေးနွေးချင်ရင် မိမိရဲ့ မွေးနေ့ မွေးရက် မွေးနာရီအချိန်နှင့် မွေးဖွားရာမြို့တို့ကို အီးမေးနဲ့ပို့ပေးလိုက်ပါ။မြန်မာကွန်ပျူတာ ဇာတာတစောင်နဲ့ ဟောစာတမ်းလေးပို့ပေးလိုက်မယ်။အားနာစရာလည်းမလိုပါဘူး မိတ်ဖြစ်ဆွေဖြစ်ဝန်ဆောင်ပေးနေတာပါ။ဟောပြောချင်တဲ့ဆရာတွေရှိရင်လည်း မိမိတို့ရဲ့ အီးမေးနဲ့ ဆက်သွယ်ရန်လိပ်စာတွေပေးပို့ပါ။ဒီကနေ ဘလောက်ပေါ်တင်ပေးပါ့မယ်။ Of my astro associates ,some practice consulting at their offices, some like to network online consulting,So those who like to do networking ,we will add your emails & contacts in our blog. SEND EMAIL TO ASK ME, baydin.4u@gmail.com ,no regards,no thanks Orion Wood

Sunday, September 18, 2011

မီးဘေးဒုက္ခသည်စခန်းရောက် ဗေဒင်ဆရာ

တခါက ရပ်ကွက်တခုတွင် အရပ်ဗေဒင်ဆရာက ရောက်ရှိလာသော မေးမြန်းသူကောင်မလေးတဦးအား သူမ၏ အိမ်ထောင်ရေးကို ဟောပြောဆွေးနွေးလေသည်။သူမသည် အိမ်ထောင်သည်တဦးနှင့်ချစ်ကြိုက်နေသည်ဟုရင်ဖွင့်၏။သူမ၏ချစ်သူပေါ်မလာသည်မှာ
ကြာမြင့်နေဘီဖြစ်ကြောင်း သို့အတွက်ပြုလုပ်ဖွယ်ယထြာပေးစေလို၏။ဆရာသမားက ကုတင်ခြေရင်းတွင်ဆေးဖယောင်းတိုင်တစ်တိုင်ညတိုင်းထွန်းညှိရန်မှာကြား၏။သို့ဖြစ် သူမသည် ဆရာအားကန်တော့ပြီး ၊အိမ်ပြန်ရောက်တော့ ညစဉ် ဖယောင်းတိုင်ထွန်းတော့လေသည်။ဆရာမသိသည်မှာ ထိုမိန်ခလေးသည် တရပ်ကွက်ထဲသားဖြစ်သည်။
တညသော် ဆရာတို့ရပ်ကွက်တွင်မီးလောင်တော့သည်၊မိုးလင်းမှမီးငြိမ်းသွားပြီးလူအများအပြားဘုန်းကြီးကျောင်းတွင်စုဝေးလျှက်ယာယီဒုကသည်စခန်းဖွင့်လှစ်တော့သည်။ထိုစခန်းတွင် ထမင်းထုပ်ဝေသောအခါ ဗေဒင်မေးသွားသောကောင်မလေး အိမ်မှမီးစတင်လောင်ကြောင်းသိလိုက်ရလေသတည်း။

Friday, August 27, 2010

၁၂ ရာသီဖွား ဗေဒင်ကော်လံ များ ဖတ်ရှူရာတွင် သတိပြုဖွယ်ရာ

ဗေဒင်ပညာဖြင့် မွေးနေ့ မွေးရက် မွေးလ မွေးနှစ် တွေကို ဟောပြောရာတွင် ၁၂ ရာသီ ပါဝင်ပြီးဟောဆိုမှူရှိကြသည်။၁၂ ရာသီဟောကိန်းများသည် ဂျာနယ်များ မဂ္ဂဇင်းများ တွင်မက FM Radio မှာပင်နေရာယူလာကြသည်။ ၁၂ ရာသီကိုဟောလျှင် အရှေ့တိုင်း နှင့် အနောက်တိုင်း ဟူရှ်ျ နှစ်မျိုးရှိသည်။ အနောက်တိုင်း ရာသီခွင် အစရက်နေသည် အင်္ဂလိပ်လ ၏ ၂၂ရက် ၂၃ ရက်တွင် စတင်လေ့ရှိပြီး၊ အရှေ့တိုင်း ရာသီခွင် အစပြုသောရက်တို့သည် အင်္ဂလိပ်လ ၁၅ ရက် ၁၆ရက်နေ့များတွင် အစပြုတတ်ပါသည်။
  သို့ရာတွင် တချို့ဆရာသမားများသည် အနောက်တိုင်းရာသီခွင်ယူပြီး အရှေ့တိုင်း ရာသီဇာတာများဟောသလို ဟောကိန်းထုတ်နေကြပါသည်။ ဥပမာ ...သောကြာ ဥစ်န၀င်း ရသည်။ကြာသပတေး ၀ဂ္ဂုတမ္မ န၀င်းရသည် ဟု ဟောကိန်းများတွင် ထည့်သွင်းဖေါ်ပြသည် ကိုကြားသိနေရသည်။ သေမည် ရှင်မည်ဟော ခြင်းသည် အရေးမကြီးချေ ...Application ရောနှော ခြင်းသည် လက်မခံနိုင်သော ကိစ္စပင်ဖြစ်သည်။ဗေဒင်ကော်လံများဖြစ်ကြသော တရုတ်ရိုးရာ ၁၂ ကောင်
သင်္ချာဗေဒ ၊ ခုနှစ်နေ့သားသမီး အဟော များသည် Application မရှူတ်ထွေးချေ။ ၁၂ ရာသီ ဗေဒင်ကော်လံ ကိုတော့ သတိထား သင့်ကြောင်း တင်ပြလိုပါသည်။
  ZODIACAL 12 SIGNS
    ♈ – Aries (The Ram)
    ♉ – Taurus (The bull)
   ♊ – Gemini (The Twins)
  ♋ – Cancer (The Crab)
  ♌ – Leo (The Lion)
  ♍ – Virgo (The Virgin)
  ♎ – Libra (The Scales)
  ♏ – Scorpio (The Scorpion)
  ♐ – Sagittarius (Centaur The Archer)
  ♑ – Capricorn (Goat-horned, The sea goat)
  ♒ – Aquarius (The water bearer)
  ♓ – Pisces (The fish)

Monday, March 22, 2010

နိုင်ငံတကာသုံးဗေဒင်ဆော့ဝဲအမျိုးမျိုးရောင်းချပေးနေပါတယ်

ဗေဒင်ဆော့ဝဲတွေရမယ်
ဒီနေရာမှာ အားပေးနိုင်ပါတယ်။ကျုပ်က အလကားကြော်ငြာနေတာပါ။
မြန်မာနိုင်ငံလုပ်ဆော့ဝဲတော့ ရေးနေတဲ့ဆရာတွေရှိပါတယ်ဆက်သွယ်ပေးလို့ရတယ်။
တြိစက္ကဇာတာ၊ကေပီဇာတာ၊တိုင်ဆယ်ပါးပါဝင်တဲ့ဇာတာ စသဖြင့်ရှိကြပါတယ်။
အနောက်တိုင်းဇာတာကတော့ မြန်မာတွေအသုံးနည်းကြပါတယ်။ဒီမှာကြော်ငြာထားတာတွေက အဟောတွေပါဝင်တဲ့ အရှေ့တိုင်းအနောက်တိုင်းဇာတာပရိုဂရမ်တွေပါ။ဆရာ မလိုဘဲဗေဒင်တွက်လို့ရသွားမယ်။အွန်လိုင်းကနေပိုက်ဆံနဲ့ပေးဝယ်လိုက်ရင်သင့်အတွက် ဆရာရှာစရာမလိုတော့ဘူးပေါ့။
မြန်မာပြည်မှာက ရေးတဲ့လူကရောင်းတာမဟုတ်ဘဲနဲ့ မှားဝယ်တတ်တယ်။တိုက်ရိုက်ပရိုဂရမ်မာနဲ့မတွေ့ရင် မကောင်းဘူး။ဗေဒင်ဆရာက ဆော့ဝဲနားမလည်တလို ပရိုဂရမ်မာကလည်းဗေဒင်မဟောတတ်တာရှိသေးတယ်။